Wednesday, January 30, 2013

စစ်နင့်ငြိမ်းချမ်းရေး

လူတစ်ယောက်ကို
ဘုရားသခင်က တစ်ခုပဲပေးတယ်....
နှစ်ခုမပေးဘူး...။
သေနှပ်ကိုင်တဲ့ကောင်က
အရောင်းအ၀ယ်လုပ်ရင်လက်မတည့်ဘူး...
အရောင်းအ၀ယ်လုပ်တဲ့ကောင်က
သေနှပ်ပြစ်ရင်လက်မတည့်ဘူး....။
အလုပ်ခွဲ ခြားလုပ်ကိုင်ခြင်းဆိုတာ
ဆွေမျိုးစုလူ့အဖွဲ့စည်းအတွင်းမှာ၇ှိတယ်လေ.......
သေနှပ်ပစ်ရင်လူတွေသေမယ်

Monday, January 28, 2013

စင်သီယာ

ငါမငိုဖူး
ပြာပုံမှာလူးတဲ့ဘဝ
လွတ်မြောက်ရေး လမ်းစရှာတုန်း
မင်းအမုန်းကိုမေ့လို့
အငွေ့ပျံနေတဲ့မျက်ရည်
လေပွေနဲ့ သစ်ရွက်
ချွေးစက်တွေ ချွေရဦးမယ်
တကယ်ပါ စင်သီယာ
ငါမငိုဖူး …
ပထမဆုံး မင်းအတွက်ငါ
သေခဲ့တာကြာပြီ
မကြွေနဲ့စင်သီယာ
ငါ …
(ထူးအိမ်သင်)

သုံးရာသီအလွမ်း

ဥသြတွန်သံသာယာညောင်းလို့  ဂိန်မာန်နွေသို့ရောက်ခဲပြီ
အတိတ်ကအလွမ်းကိုပြန်တွေးမိရင်ယနေ့ကဲ့သို့မြင်လေသည်
အချိန်ကြာညောင်းရွက်ဟောင်းကြွေလွင့်နွေဆင့်ပူလဲ
ရင်ခွင်ဝေဒနာနွေထက်သာသည် ဆွေစရာနွေမှတ်တမ်း

နွေမှဝေဒနာဖြေ မဖြေသာခင် မိုးသက်လေထန်ခါဝသန်
ရင်ခွင်ထဲသို့သူမဆင့်ဘဲ အိမ်ပြင်ဘက်သို့ရွာလေပြီ
ချစ်သောသူ၏ အဖြေကြားသည့်ထိုနေ့ထိကိုပြန်းတန်းတလျှင်
ရင်ကဓံရာပိုလေသည် ပုထုဇဉ်ဖွားထိုလူသားကိုဖြစ်ဒဏ်ခက်လား
မိုးစက်များ

ဆောင်ရောက်ပြန်လည်းအလွမ်းမပြေချမ်းသည့်ဒဏ်နှိပ်စက်ပြန်သည်
ဆထက်ပိုသည်ဒီအလွမ်းဖြင့် ဟေမာန်ဆောင်းလယ် လူတစ်ယောက်ထဲ
ယောင်လည်လည်ဖြင့် ငါ၏ဝေဒနာမဖြေသာသေး နောင်နေ့ရောက်ရန်ကြောက်မိသည်
                                                 
                                                      Angel Lay Ko Ko

Sunday, January 27, 2013

မြ

အခါတစ်ပါး၌ သူမ၏လက်ဝယ်
ထက် “မြ” သော မြားတစ်စင်းတည်၏။
သို့သော် “တေး” မရှိ။
ထိုအခါ
ငါ၏လက်ဝယ်
ချို ”မြ” သော စောင်းတစ်အိုးတည်၏။
သို့သော် “ကြိုး”မရှိ။
    
                 ( ထူးအိမ်သင်)

ထူးအိမ်သင်


ကိုဌက်ကြီးဟု ချစ်စနိုး ခေါ်ကြသည့် တေးသံရှင် ထူးအိမ်သင်၏ သြဂုတ်လ ၁၄ရက်နေ့တွင် ကျရောက်သည့် ကွယ်လွန်ခြင်း ၈ နှစ်ပြည့် အမှတ်တရပွဲကို ၄င်း၏ လူငယ် ပရိတ်သတ်များ ဦးစီး၍ ရန်ကုန်မြို့တော် ဗိုလ်ရာညွှန့်လမ်းရှိ New Zero Art Space ခန်းမတွင် ကျင်းပခဲ့သည်။
၎င်း၏ ပရိတ်သတ် လူငယ်များ စုလုပ်သည့်ပွဲဖြစ်ပြီး New Zero Art Space အဖွဲ့နှင့် အခြား အနုပညာ ၀ါသနာပါသူများ ပေါင်းပြီး ကျင်းပခြင်း ဖြစ်ကြောင်း ယင်းပွဲ စီစဉ်သည့် လူငယ် ကဗျာဆရာ ကိုဇော်ရန်နိုင် က ပြောကြားသည်။ “ သူအနုပညာကို လေးစားလို့ သူ့ကို ချစ်ကြ ခင်ကြတဲ့ လူတွေ ဒီနေ့ ဒီအချိန် ဒီနေရာလေးမှာ လာ ဆုံစည်းကြတာပါ” ဟု လူငယ် ကဗျာဆရာ ကိုဇော်ရန်နိုင်က ပွဲ၏ ရည်ရွယ်ချက်ကို ရှင်းပြသည်။
တေးသံရှင် ထူးအိမ်သင်သည့် တေးသီချင်းခွေ ၈ ခွေနှင့် အထက် ထုတ်လုပ်ခဲ့ပြီး ကဗျာ၊ ပန်းချီ စသည့် အနုပညာများလည်း လုပ်သဖြင့် လူငယ်များ အနေဖြင့် အားကျ အတုယူ စရာ လူတစ်ဦး ဖြစ်ကြောင်း ကဗျာဆရာ မင်းရည်သွေးက ဆိုသည်။
“ သူ့သီချင်းတွေက လူငယ်တွေကို ဘယ်လို တွေးရမလဲ။ အနုပညာကို ဘယ်လို ဖန်တီးရမလဲဆိုတာကို ဂီတနဲ့ သင်ပေးတာ” ဟု တေးသံရှင် ထူးအိမ်သင်၏ ပရိတ်သတ် တစ်ဦး ဖြစ်သူ ၄င်းက ရှင်းပြသည်။
တေးသံရှင် ထူးအိမ်သင် (ကျော်မြင့်လွင်)က ကျောင်းသားဘ၀ထဲက အနုပညာ တစ်ဝက်၊ နိုင်ငံရေးသမား တစ်ဝက်ပါ။ နှစ်ပင်လိမ်ပေါ့။ အဲ့ဒီတုန်းက ခုခေတ်လို ဂိုဏ်းဂဏ မစွဲဖူး။ လက်ဝဲ၀ါဒ အကြောင်းပဲ လူစုံတာနဲ့ ဆွေးနွေးကြတာ” ဟု ကဗျာဆရာမ မအိက ၄င်းတို့၏ ငယ်ဘ၀ကို မြင်ယောင် ပြောဆိုသည်။
၎င်းသည့် ဇူလိုင်လ ၁ရက်နေ့ ၁၉၆၃ ခုနှစ်တွင် ပုသိမ်မြို့၌ ဖွားမြင်ပြီး ၂၀၀၄ ခုနှစ် နံနက် ၁၁နာရီ ၄၀ မိနစ်တွင် ကွယ်လွန်ပြီး ၄င်း၏ ဇနီး မသွယ်သွယ်ထွေးနှင့် သမီး မိကွန်ထော တို့ ကျန်ရစ်ခဲ့သည်။

အသက်သည်အိမ်မက်


အိမ်မက်သည်သူ
သူသည် အသက်ဖြစ်စေ
ဆောင်းနှောင်းလျှင် နွေဦး၏..
နွေဦးတွင် နှင်းကြွင်းသည်...
သစ္စာကြွင်းစေ
မြတ်နိုးခြင်းကြွင်းစေ
      
      (ထူးအိမ်သင်)

Friday, January 25, 2013

Posted by Picasa

ဆွေး



သံယောဇဉ် အမျှင်တန်းကို
ရှင်ခန်းဘယ်သူဖြတ်နိုင်ပါ့
ပူတတ်သူ တစ်သက်လွမ်းေ၇ာ့ လို့ 
လက်ကမ်းက ဝေဒနာမျှချင်လည်း
ဘ၀နွေ အနုသယတောမှာ
သမုဒ်ဒယအမော တစ်ဇာတ်သိမ်းအောင်
(အခုတော့ …)ခပ်စိမ်းစိမ်းနေပါ့မယ်.

မာန်

အရွက်အတံ၊
အနှံအသီး၊
ဖျက်ဆီးရုံမျှ၊
အားမရသေး၊
ပင်မကိုဖြတ်၊
အသေသတ်လည်း၊
မားမတ်ညွန့်ဝေ၊
ခေါင်းထောင်နေအံ့၊
ရေသောက်မြစ်မှ၊
လူးလွန့်ထကာ၊
ခက်မရှင်သန်နေအုံးမည်။

လွမ်းရဲတယ်


သူမေ့ပြီလား---
လူတွေ့ရန်မဆိုထားနဲ့
နှစ်ကိုယ်ကြားရုံ ဖုန်းဆက်တဲ့ဓလေ့တောင်မှ............
သြော်----------မုန်းရက်ပြီလို့ထင်။

ကြားယောင်ကာ
နားထောင်ရတော့မလားရယ်နဲ့
သူ့စကား မုသားတောင်ယုံချင်တတ်သူမို့
(သူပြောလျှင်) ........
ပုံပြင်ပင် တကယ်မှတ်ပြန်တော့
မလည်ပတ်သူလို သူငြိုငြင်။

မလွမ်းတတ်လို့လား
လွမ်းတတ်သူ မပူရှိနိုင်ပါ့
သူသိအောင်ဘယ်လိုပြောရမလဲ
ဘယ်လိုမောကာ ဘယ်လောက်ရင်ဆို့ပေမယ့်
ခင်မို့လို့ သူစိမ်းပြင်ပြင်
စိမ်းချင်ချင်နဲ့ စိမ်းနိုင်ရက်

ခင်ခင်စိမ်းပေမယ့်
ရင်ငြိမ်းအောင် အပူမသတ်နိုင်လို့
အပူဇာတ်ကို အခန်းဆက်နေတဲ့
ပန်းသက်သေ ဝေဒနာပွင့်တွေက
လွမ်းရက်ရှည်ကြွေကာ မရင့်ပြန်တော့
ခင်ခင့်လို ဘယ်သူခွဲနိုင်မလဲ
ပူရဲတယ် သည်ရင်ကျွမ်းအောင်
လွမ်းတော့ဆယ်သက်..

ညို

ဟိုး...တောင်ထိပ်မှာ
မိုးရိပ်ညိုညို့ မှိုင်းရီဆို့လျှင်
ပိုလို့တမ်းတ သတိရလျက်
ဖြေပြေခက်လို့...
မျက်ဝန်းထဲမှာ မိုးရွာပြီညို...။

ဒါပါပဲကွယ်...
ပုံပြင်ရယ်ထား အိပ်မက်များလို
မေ့သွားနိုင်ရိုး အဖြစ်မျိုးလား
မြတ်နိုးနှောင်ရစ် သောကမြစ်လျှံ
ချစ်ခြင်းဆင်းရဲ မိုးသားမည်းညို
ပြိုမည်အုံးအုံး မိုးထစ်ခြုံးပြီ...
နှလုံးသားတောင်ထိပ်က အလွမ်းမိုးရိပ်တွေပါ ညို ။ ။

ဝေး

လွမ်းမျက်ရည်ဝေဒနာပေးချင်လို့ 
ပန်းသက်သေခြေရာကလေးတွေနဲ့ 
သွေခွာပြေးပုန်းသူခင်။

အတိမ်းခက်ပေမယ့်
စိမ်းရက်တယ်ငြင်ငြိုမလား
ရင်ကိုခွဲကာ သခင်ကြည့်လျှင်ဖြင့်
မြင်မိမယ်ထင်။

သမုဒယဆိုတဲ့ ချစ်ကြိုးတစ်မျှင်
ရစ်တိုးငင်လို့ အဝိဇ္ဖာလွှမ်း
ပူပူသရွေ့ကိုတော့
သူသူတွေ့ကာဘယ်လိုသိနိုင်မလဲ
ရင်ထဲမှာကျွမ်းမြေ့ဆွေး
ဝေးဝေးကလွမ်း။

Friday, January 18, 2013

နေခွင့်


နောက်ဆုံးနေ့ဖြစ်နေပါစေ နောက်ဆုံးစက္ကန့်ဖြစ်နေပါစေ
အကြင်နာတွေသာရှိနေရင် ဘာမဆိုခံနိုင်ရည်ရှိအောင်
ကြိုးစားလို့ မင်းနားမှာတစ်သက်လုံးနေပါရစေ။

ဘယ်လိုစည်းတွေခြားနေပါစေ နားလည်မှုတွေနဲ့ပြည့်နေတဲ့
နေရာလေးမျာပဲနေချင်ပါတယ်လေ။
ခုတော့အကြင်နာခွန်အားတွေက အသက်မ၀င်တော့ပေမဲ့
မင်းသာခွင့်ပြုရင် အရိပ်လေးအဖြစ်တော့နေခွင့်ပြုပါနော်။

(Angel Lay Ko Ko)