Wednesday, January 30, 2013

စစ်နင့်ငြိမ်းချမ်းရေး

လူတစ်ယောက်ကို
ဘုရားသခင်က တစ်ခုပဲပေးတယ်....
နှစ်ခုမပေးဘူး...။
သေနှပ်ကိုင်တဲ့ကောင်က
အရောင်းအ၀ယ်လုပ်ရင်လက်မတည့်ဘူး...
အရောင်းအ၀ယ်လုပ်တဲ့ကောင်က
သေနှပ်ပြစ်ရင်လက်မတည့်ဘူး....။
အလုပ်ခွဲ ခြားလုပ်ကိုင်ခြင်းဆိုတာ
ဆွေမျိုးစုလူ့အဖွဲ့စည်းအတွင်းမှာ၇ှိတယ်လေ.......
သေနှပ်ပစ်ရင်လူတွေသေမယ်

ကံငါးပါးကျူးလွန်မယ်
မိဘမဲ့တွေများလာမယ်
မုဆိုးမတွေများလာမယ်
ဥကွဲသိုက်ပျက်အလောင်းတွေပြန့်ကျဲ
လင်းတတွေက၀ဲ
ယင်ကောင်တဖွဲဖွဲ
အသားတစ်တွေအပိုင်းပိုင်း
မျက်ရည်ချောင်းစိး
သွေးကဗွက်ပေါက်
ငိုသံတွေတော်လှဲ
ကြာက်စိတ်တွေဒီတက်
ဒုက္ခသည်တွေဖေါင်းပွ
အနိဌာရုံတွေဖွံ့ဖြိုး
က္ကဌာရုံတွေဆိတ်သုန်း
 စားစရိတ်ကိုစစ်စရိတ်လုယူ
လူသားအရင်းအမြစ်တွေသင်းကွပ်ခံရ
လူသားအဓိပါယ်ပျက်ကွက်
မီးခိုးငွေ့တွေခွေးလိုအူ
လေထဲမှာယမှ်းွေု့တွေရှူရှိုက်
အပိုင်းအတစ် အကျိုးအပျက်အပဲ့
ငဲ့ကွက်မှုမရှိ
စိတ်ကွက်မှုရှိ
စိတ်အက်ကြောင်းမှား ရေဆူမှတ်ရောက်
မျှော်လင့်ချက်တို့ သုညဒီဂရီအောက်ရောက်............။
ဟေ့လူတို့
လက်နှက်နဲ့ကျူးကျော်တဲ့ခတ်မရှိတော့ဘူး
နည်းပညာမှော်သွင်းထားတဲ့ဈေးက်နဲ့ချယ်လှယ်တဲ့ခေတ်
ခင်ဗျားတို့ဟာကလုံဝမသစ်တော့ဘူး
ဝတ်စုံသာသစ်ချင်သစ်မယ်.......။
ကမ္ဘာဦးအစမှာ
ကြိးမားတဲ့အင်အားနဲံ ဒိုနိုဆော့သတ္တ၀ါ
ဘာကြောင့်မျိုးတုန်းသွားသလဲ
စီမံခန့်ခွဲမှုညံ့လို့ကုဋေရှစ်ဆယ်သူဌေးသား
ဘာကြောင့်မွဲသွားသလဲ......။
ဘာမှမပြောင်းလဲသေးဘူး
ကမ္ဘာဦးအစက
သားကောင်နောက်ကိုအမဲလိုက်တယ်
ယနေ့ငွေနောက်ကိုအမဲလိုက်တယ်.........။
ဒီနေ့မှာ
အလီဘာဘာနဲခိုးစားငါးရာ
ဘယ်နှစ်သင်းစာလောက်ဖွဲံပြီး
နိုင်ငံတစ်ကာဈေးကွ့်ထဲလူကုန်ကူရင်းကောင်းမလား
အင်္ဂါဂြိုလ်ပို့ထားရင်ကောင်းမလား
စဉ်းစားစရာပဲ.....။
အကြင်နာကင်း
လူတို့ချင်း
အရှင်လတ်လတ်မျိုဆို့
လက်ထဲသေနပ်ကိုင်ထားပြီး
ပါးစပ်က ဖင်လိုချီးတစ်တပါက်ပက်နဲ့
ပြောပလောက်စရာ စကားလုံးမရှိ
လျှာကိုပျားတုပ်နေတဲ့ကောင်တွေ
ကိုယ်ရည်သွေးတီးလုံးတွေနဲ့နားကလော်တယ်....။
မိချောင်းမျက်ခွက်နဲ့ကျက်သရေမဲ့
အစာနင်နေတဲ့ကောင်ကြီးတွေ
ဘယ်သောင်ကမ်းခြေမှာအနားယူနေသလဲ.................။
ဒီမှာ....?
ငါတိုကဘိုးဘွားပိုင်တေျာွှေဘယိမှာလဲ
ငါတို့ဘိုးဘွားပိုင်တောင်တွေဘယ်မှာလဲ
ငါတို့ဘိုးဘွားပိုင်မြစ်တွေဘယ်မှာလဲ
မြေပေါ်မြေအောက်သယံဇာတတွေဘယ်မှာလဲ
ရေ မြေ လေ သတ္တ၀ါတွေ လယ်မှာအောင်း
အရင်းမြစ်တွေနှစ်သုံးဆယ်ကြိုရောင်း.....။
ဘီလူးတွေကြားထဲဝေသာလီပြည်ကျသွားသလို
ဂျိုးဂျိုး ဂျွတ်ဂျွတ် နဲ့ အစိမ်းရောင်လိုက်ဝါးကြ
ဒီမှာ
သောင်းဂဏန်းရှိသွေးသားရင်းတွေဗန်းပြ
သိန်းဂဏန်းချီတဲ့ ဆွေမျိုးဆက်တွေ

                 (ANGEL LAY KO KO)



No comments:

Post a Comment