မခူးချင်စမ်းပါနဲ့
နှစ်စမ်းခါတော်မှီမို့
ဇဘော်ရီပြေပြေလိမ်းကာပါ့
ခပ်သိမ်းနမ်းစုံစုံသို့
ခေါင်းကြွကာ ဆာဆာဝေနဲ့
သူလဲလေလောကီသားလိုပါ့
ကြွားချင်လှပေလိမ့်မယ်
တသိန်းတင်ပါဘိ တိမ်မျှင်ရီပြာပြာက
ကြည်သာသာ ပင့်လေအဖျူးတွင်ဖြင့်
တီတာတာပွင့်ရွှေဖူးငယ်တို့
လည်ယှက်ကာ ဘယိညာလူးလေတော့
သူတို့လိုဘယ်သူမြူးနိုင်ပါ့
ထူးပါဘိဝယ်
တ၀ါဝါဆင်သင်္ကန်းရယ်က
ကဘာမှာဘ၀င်ချမ်းစေတဲ့
သာသနာရွှင်ရွှင်လန်းအောင်လို့
တမင်မှန်းကာပါ့
သတိရဆွယ်ရည်ရွယ်တာ့သလား
ခူးပါနဲ့ကွယ်ပွင့်ဖူးမှာ
အ၀ါချယ်ရန် မာလာအလယ်မှာ
နွဲံချင်တဲ့နှလုံးရယ်ကြောင့်
နှစ်ဆုံးကုန်
အတာဝင်သို့ မာန်အင်ကို
ဥာဏ်ဆင်မွေးကာပါ့
အရေးခါသာမှခင်ဗျာမှာ
တစ်ဂုဏ်ဆန်းရတယ်ပန်းပိတောက်များ.........
ဇော်ဂျီ
No comments:
Post a Comment